Sunday, February 17, 2008

မြန်မာယူနီကုတ်(၂)

ကျွန်တော်အခုတလော မြန်မာယူနီကုတ်နဲ့ပတ်သက်လို့ စိတ်ဝင်စားနေပါတယ်။ ဒါနဲ့ google မှာရှာကြည့်လိုက် တော့ မြန်မာယူနီကုတ် အတွက် utilities တော်တော် များများကို တီထွင်ပြီး ဖြစ်နေတာ တွေ့လိုက်ရ ပါတယ်။ တွေ့မိသမျှလေး List လုပ်ရရင်
  1. http://rishida.net/scripts/pickers/myanmar/
  2. http://www.thanlwinsoft.org/
  3. http://www.mmlt.org/portal/
  4. http://burglish.googlepages.com/testarea.htm
  5. http://burglish.blogspot.com/
  6. http://studioamk.com/web/infusions/pro_download_panel/download.php?did=6

I came, I saw, I conquered ဆိုတဲ့နာပိုလီယမ် ပြောဖူးတဲ့စကားလေး တစ်ခုရှိပါတယ်။ ကျွန်တော်လည်း သူ့ကို အတုခိုးပြီး မြန်မာလိုပဲ ပြောချင် ပါတယ်။ ကျွန်တော် ရှာဖွေတယ်၊ ကျွန်တော် တွေ့ရှိတယ်၊ ကျွန်တော် အားကျတယ်၊ ကျွန်တော် ကြိုးစားမယ်ဗျာ...

Thursday, February 14, 2008

မြန်မာယူနီကုတ်

ကျွန်တော့်သူငယ်ချင်းတစ်ယောက် Web Crawler တစ်ခု Master Degree အတွက်ရေးနေပါတယ်။ ကျွန်တော့်ကိုမြန်မာယူနီကုတ် Font တွေဘယ်နှစ်ခုလောက်ရှိလဲ၊ ဘာတွေကွာခြားလဲ၊ ဘယ်တစ်ခုကိုအတည်ယူပြီး ရေးရမလဲ လို့မေးလာပါတယ်။ ကျွန်တော် ဖြေဖို့တော်တော်ခက်သွားပါတယ်။ အခုအားလုံးက ယူနီကုတ်ဆိုတာ UTF-8 Encoding ဖြစ်ရမယ်၊ မြန်မာစာနဲ့ အင်္ဂလိပ်စာတွဲရိုက်နိုင်ရမယ် ဒါဆိုရင်ဖြစ်ပြီလို့လက်ခံထားကြပါတယ်။ ဒါကြောင့် သူတစ်မျိုး ငါတစ်မျိုး ထွင်လိုက်ကြတာမ တူညီတဲ့ မြန်မာယူနီကုတ် Font ၁၀မျိုးအထက်မှာရှိပါတယ်။ ပြီးတော့ ဘာကွာခြားလဲ လို့ဆိုရင် ဘာမှမကွာခြားပြန်ဘူး။

အခုပဲ မတူညီတဲ့ယူနီကုတ် Font လို့ပြောလိုက် အခုပဲဘာမှ မကွာခြားဘူး လို့ပြောလိုက်နဲ့လို့ အပြစ်တင် မစောပါနဲ့ဦး ဆက်ပြီးရှင်းပါ ဦးမယ်။

Font Developer တွေက ကကြီး၊ ခခွေး အက္ခရာ တွေကို မြန်မာပြည်အတွက်သတ်မှတ်ထားတဲ့ U+1000 ကနေ U+109F အတွင်းမှာပဲထားပြီး Font တွေရေးကြပါတယ်။ ဒါပေမယ့် Encoding ကျတော့ မတူဘူးဗျ။ Font ပုံစံချင်းအတူတူ၊ တစ်ယောက်နဲ့ တစ်ယောက် မတူအောင် Glyph နေရာရွှေ့ပြီး သတ်မှတ်ကြတယ်လေ။ စာရိုက်တဲ့လက်ကွက်၊ Application နဲ့ Web Site တွေမှာသုံးရ မယ့် Procedureတွေကျတော့ တူနေပြန်ပါ ရောလား။

ထင်ရှားအောင် Font နှစ်ခုကိုယှဉ်ပြပါမယ်။

မြစေတီ





http://www.myazedi.com/

ဇော်ဂျီ








http://www.alpha.com.mm/downloads.php

အဲဒီ Font အမျိုးမျိုးနဲ့ပဲ Web Site တွေ၊ သတင်းတွေ၊ ဘလော့ဂ်တွေ အများကြီး Online မှာရောက်နေပါပြီ။ အခု You-Tube နဲ့ Google မှာတောင် မြန်မာလိုရိုက်ပြီး ရှာရင် ရနေပါပြီ။

ဒါပေမယ့် ရှာတဲ့လူက Font တစ်မျိုးနဲ့ရှာ၊ တင်တဲ့လူက အခြား Font နဲ့တင်ထား တော့ရှာတဲ့ အတိုင်း မတွေ့တော့ဘူး ဖြစ်နေတယ်လေ။

ဒါဆိုရင်အခုဘာလုပ်သင့်သလဲ? Font တွေ ကလည်း ရေးပြီး နေပြီ။ Online လည်းရောက်နေပြီ။ ပြန်ဖျက်ဖို့လည်းမကောင်းတော့ဘူး။

ဆက်ပြီးမစဉ်းစားချင်တော့ဘူးဗျာ။ ကျွန်တော့် သူငယ်ချင်း ကတော့ Font ၁၀ မျိုးကျော်အတွက်ကို Web Crawler Option ၁၀မျိုးလောက် ရေးဖို့စဉ်းစားနေလေရဲ့။ နောက်ထပ် Font အသစ်တွေထပ်ထွက်လာရင် ထပ်ပြီးရေးမလားမသိဘူး။

Thursday, February 07, 2008

Ajax Technology (2) Ajax via Javascript

ajax နားလည်ချင်တဲ့သူတိုင်း HTML DOM (Document Object Model)ကိုကျွမ်းကျင်ပြီး ဖြစ်ရပါမယ်။ ဘာကြောင့်လဲ ဆိုရင် DOM ကို အသုံး ပြုပြီး Data ဖတ်တာ၊ ပြန်ပြ တာတွေ လုပ်ရ လို့ပါပဲ။

ဥပမာ

Data ဖတ်ရန်
var a = Document.Form1.txtName.Value;

Data ပြန်ပြရန်

Document.getElementById("display").Value= a;
ဆိုပြီးသုံးရပါတယ်။


DOM အသေးစိပ် ကိုတော့http://www.w3schools.com/htmldom/default.asp မှာကြည့်ပါ။

ဒုတိယ အနေနဲ့ javascript Events တွေကိုလည်းနားလည်ရပါမယ်။ User Action တိုင်းကို javascript events တွေနဲ့သိနိုင်လို့ပါပဲ။

ဥပမာclick နှိပ်တဲ့အခါ function တစ်ခု run ချင်ရင်

<'input value="Click Here" id="btnclick">onclick="showtext()" type="button" name="btnclick">

နဲ့ရေးရပါမယ်။ javascript Event အသေးစိတ်ကိုတော့

http://www.w3schools.com/js/js_events.asp မှာဖတ်ပါ

xmlHttpRequest အကြောင်းဆက်ရေးပါဦးမယ်

<<<>>>
button တွေရေးတဲ့အခါ "submit" နဲ့ရေးရင် from post ဖြစ်သွား တဲ့အတွက် input type="button" လို့ရေးရပါတယ်။ ပြီးတော့ javascript က case sensitive ဖြစ်ပါတယ်။ Capital Letter, Small Letter ဂရုစိုက်ပြီး ရေးဖို့လိုအပ်ပါတယ်။

Tuesday, February 05, 2008

Ajax Technology

History
Ajax ဆိုတာ Asynchronous JavaScript and XML ကို အတိုကောက် ခေါ်ထားတာ ဖြစ်ပါတယ်။ Ajax ရယ်လို့အမည် စတွင်လာတဲ့ အချိန်ကတော့ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ မှာဖြစ်ပြီး Jesse James Garrett ဆိုတဲ့လူက စတင်ခေါ်ဆိုခဲ့ပါတယ်။
Asychronous Loading အိုင်ဒီယာကိုတော့ Microsoft ကစတင်အသုံးပြုခဲ့တာပါ။ ၁၉၉၆ မှာ Internet Explorer 3 ပေါ်မှာ IFRAME Element တွေကို Support ပေးခဲ့ပါတယ်။ စာမျက်နှာတစ်ခုလုံး Refreshလုပ်စရာ မလိုပဲ IFRAME ထဲမှာပဲ အကြောင်းအရာ တွေပြောင်းလဲပြသလို့ ရနိုင်ပါတယ်။
၁၉၉၇ မှာတော့ Netscape 4 နဲ့အတူ Layer Element ကို Netscape Navigator ကမိတ်ဆက်လာပါတယ်။ Layer Element တွေကြောင့် ရှိပြီးသား စာမျက်နှာပေါ်မှာပဲ အလွှာတွေထပ်ပြီးပြသလို့ရလာပါတယ်။
၁၉၉၈ မှာ Microsoft က Ajax ရဲ့အစဖြစ်တဲ့ MSRS (Microsoft Remote Scripting) ကိုတီထွင် လိုက်ပါတယ်။ XMLHttpRequest ကို Microsoft Exchange Server အတွက် ရည်စူးပြီး တီထွင်လိုက် တာလည်း ဖြစ်ပါတယ်။ XMLHttpRequest ကိုအသုံးပြုပြီး Web Browser ကနေ Exchange Server ကို outlook Express သုံးတဲ့အတိုင်း Access လုပ်လို့ ရလာပါတယ်။ User က email ကြည့်လိုတဲ့အခါ XMLHttpRequest က web page ကို refresh မလုပ်ပဲ Exchange Server ကနေ email တွေ downloadလုပ်ပေး ပါတယ်။
W3C က HTML 4.0 နဲ့ XHTML 1.0 (HTML 4.1 လို့လည်းခေါ်ပါတယ်) ကို အသိအမှတ် ပြုလိုက်တဲ့ အချိန်မှာတော့ AJAX ဆိုတဲ့အတိုကောက်နာမည်နဲ့ Asychronous Technology ကမ္ဘာကျော် လာပါ တော့တယ်။ XML, CSS, HTML, XMLHttpRequest တို့ကိုပေါင်းစပ်ပြီး Web Page ပေါ်မှာ User Interface အမျိုးမျိုး တီထွင်ကြ ပါ တော့တယ်။ Ajaxကို အခုအခါ Asp, JSP, ASP.Net, PHP Language တွေနဲ့ တွဲသုံး နိုင်ပြီး Framework တွေလည်း အများ အပြား ပေါ်ထွက် နေပြီ ဖြစ်ပါတယ်။

Friday, January 18, 2008

မျှမျှတတပိုင်ဆိုင်ပါစေ

ခရီးသည်အားလုံးလေယာဉ် ပေါ်ကို တက်ဖို့ ကြေငြာ နေတဲ့အချိန်တစ်ခုမှာ သားအမိနှစ်ယောက် စစ်ဆေးရေး ဂိတ်တစ်ခု အနီးအလွမ်းသည်နေကြပါတယ်။
“သမီးလေး အရာရာမှာ မျှမျှတတပိုင်ဆိုင်နိုင်ပါစေကွယ်”။
“...“
“မေမေ၊ သမီးဘ၀တစ်လျှောက်လုံးလိုတာထက် ပိုပြီးပြည့်စုံခဲ့ပါတယ်။
မေမေ့ရဲ့မေတ္တာတစ်ခုပဲ သမီးလိုအပ်ခဲ့တာပါ၊ မေမေလည်း မျှမျှတတပိုင်ဆိုင်နိုင်ပါစေ”
တစ်ဦးကိုတစ်ဦး အပြန်အလှန် ပွေ့ဖက်ပြီးနှုတ်ဆက်ခဲ့ကြပါတယ်။
သမီးဖြစ်သူက လေယာဉ်ပေါ် တက်သွားချိန်မှာတော့ မိခင်ဖြစ်သူက ကျွန်မထိုင်နေတဲ့ ပြတင်းပေါက်နားကခုံကို လာပြီးဝမ်းနည်းစွာ ငိုကြွေးနေပါတယ်။ ကျွန်မလည်း ဘာလို့ငိုနေကြောင်း သိချင်ပေမယ့် မေးဖို့တွန့်ဆုတ်နေ ခဲ့ပါတယ်။ ဒါပေမယ့် သူမက လိုလိုလားလားပဲ “ရှင်,တစ်သက်တာ ခွဲရတော့မယ့် သူတစ်ယောက်ကို ဒီလိုနှုတ်ဆက်ခဲ့ဖူးလား” ဟု စကားစလာပါတယ်။
“အားတော့နာပါတယ် ဘာအကြောင်းနဲ့ တစ်သက်တာခွဲခွာဖို့ဖြစ်လာတာလဲ” ပြန်မေးလိုက်တော့ သူမ အချိန်အတန်ကြာငေးမောနေပြီးမှ “သမီးက နိုင်ငံခြား တိုင်းပြည်တစ်ခုမှာနေတာလေ၊ အမေအိုကြီး တစ်ယောက်ဆီကို ပြန်လာဖို့ နှစ်နဲ့ချီပြီးကြာတတ်တယ်”
“သမီးနောက်တစ်ကြိမ် ပြန်လာတဲ့အချိန်က ကျွန်မ သေဆုံးတဲ့ ဇာပန အခန်းအနား အတွက် ဖြစ်မယ်ထင်ပါ တယ်”
ကျွန်မလည်း တစ်စုံတစ်ခုကိုသတိရလိုက်တာနဲ့
“ဒါနဲ့...ခုနကနှုတ်ဆက်တုန်းကပြောတဲ့ မျှမျှတတပိုင်ဆိုင်နိုင်ပါစေ ဆိုတဲ့အဓိပ္ပါယ်ကဘာများပါလိမ့်”
မေးခွန်းကြောင့် သူမမျက်နှာပြုံးရောင်သန်းလာပြီး
“အဲဒီဆုတောင်းက မျိုးရိုးစဉ်ဆက်လက်ဆင့် ကမ်းလာတဲ့ စကားစုပေါ့။ ကျွန်မမိဘတွေအမြဲပြောလေ့ရှိတဲ့ ဆုတောင်းပဲလေ”
သူမစကားကိုခဏရပ်နားလိုက်ပါတယ်။ အဓိပ္ပါယ်ကို တစိမ့်စိမ့်တွေးရင်း သူမရဲ့ အပြုံးတွေပိုပြီး ပြီပြင်လာပါတယ်။
“မျှမျှတတပိုင်ဆိုင်နိုင်ပါစေ လို့ဆုတောင်းတဲ့အချိန်မှာ ကြားရတဲ့သူအတွက် ဘ၀တစ်သက်တာလုံး ကောင်းမြတ်တဲ့ အရာတွေ လုံလောက် မျှတစွာ ပိုင်ဆိုင်နိုင်ပါစေ လို့ဆန္ဒပြုလေ့ရှိပါတယ်။
လေးနက်တဲ့အကြောင်းအရာတွေကိုပြောချင်တာကြောင့် ဘေးချင်းယှဉ်ရပ်ရာကနေ ကျွန်မဘက်ကိုမျက်နှာမူလိုက်ပါတယ်။ ပြီးမှသူမမှတ်သားထားတဲ့ အဓိပ္ပါယ်တွေကို တစ်ကြောင်းချင်းရွတ်ပြ ပါတော့တယ်....
* ပတ်ဝန်းကျင် တစ်ခုလုံးအုံ့မှိုင်း နေသည့်တိုင် သင့်ရဲ့ယုံကြည်မှုတွေ ထွန်းလင်းနိုင်ဖို့အတွက် သင့်တင့်မျှတတဲ့ နေရောင်ခြည် ကိုပိုင်ဆိုင်ပါစေ
* ရည်မှန်းချက်တွေ ဆက်လက်ရှင်သန်ဖို့ ပြီးတော့ အဆုံးသတ်မှာ ရလဒ်ကောင်းခံစားရနိုင်ဖို့ သင့်တင့်မျှတတဲ့ ပျော်ရွှင်မှုတွေ ရရှိနိုင်ပါစေ
* ပျော်ရွှင်ချမ်းမြေ့မှုတွေကို တန်ဖိုးထားတတ်ဖို့သင့်တင့်မျှတတဲ့ နာကျင်ခံစားမှု တွေလည်း ရရှိနိုင်ပါစေ
* အလိုရှိသမျှ ရနိုင်ဖို့ အတွက် သင့်တင့်မျှတဲ့ပြည့်စုံမှုတွေရရှိပါစေ
* ပိုင်ဆိုင်နေတဲ့ အရာတွေကို တန်ဖိုး ထားတတ်ဖို့ သင့်တင့်မျှတတဲ့ ဆုံးရှုံးမှုတွေလည်း ခံစားရရှိနိုင်ပါစေ
* နောက်ဆုံး နှုတ်ဆက် စကားပြောနိုင်ဖို့ သင့်တင့်မျှတတဲ့ နွေးထွေးမှုတွေလည်း ခံစားရရှိနိုင်ပါစေ
ရှည်လျားတဲ့ စကားအဆုံး မှာတော့ သူမ ငိုကြွေးရင်း ဝေးရာကို ထွက်သွား ပါတော့တယ်။
ပြီးပါပြီ။

Tuesday, January 15, 2008

Saturday, January 12, 2008

ဆုတောင်းပွဲအမှတ်တရ


ဒီနေ့ကျွန်တော် ကိုစောကျော်ဝင်းဦးတို့အိမ်က ဆုတောင်းပွဲကိုသွားခဲ့တယ်။ ဆုတောင်းပွဲ ဆိုတာထက် ၀တ်ပြုတဲ့ပွဲ၊ ဘုရားသခင်ကို သတိရတဲ့ပွဲလို့ ကျွန်တော်နာမည်ပေးချင်ပါတယ်။ ဘုရားသခင်ကို ယုံကြည်လို့ ဘုရားသခင်ကို သတိရလို့ ဘုရားသခင် စီမံတဲ့အခါ ကောင်းချီးပေးတဲ့အခါ သူတို့ကိုအသိအမှတ် ပြုနိုင်အောင် စုပေါင်းပြီး အောက်မေ့သတိရတဲ့ပွဲ တစ်ခု ပြုလုပ်ခြင်းဖြစ်တယ်လို့ ကျွန်တော်ခံစားမိပါတယ်။ လူငယ်တွေစီမံတဲ့ပွဲဖြစ်တာကြောင့် ပကာသနမပါ၊ ဟန်ဆောင်မှုမပါ ခံစားချက်ကိုသာအဓိကထား တဲ့ပွဲတစ်ခု၊ စုပေါင်းညီညွတ်မှုကိုဖော်ပြတဲ့ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ ဆုတောင်းကြပြီးတဲ့အခါ စားသောက်ဖွယ်ရာ များနဲ့လည်း အလျှံပယ် ဧည့်ခံကျွေးမွေးပါသေးတယ်။ ကျွန်တော့်အတွက်တော့ထူးခြားတဲ့ နေ့တစ်ခုအဖြစ် အမြဲတမ်းအမှတ်ရနေမှာပါ။

Friday, January 04, 2008

Free Hug




ကျွန်တော် Orchard Road ကိုသွားလည်တဲ့အချိန် ထူးခြားတာလေးတစ်ခုတွေ့လို့ဓာတ်ပုံရိုက်လာတယ်. ကင်မရာလည်းမရှိတော့ hand phone နဲ့ပဲရိုက်လိုက်ရတယ်...ကောင်လေးတစ်ယောက် လမ်းပေါ်မှာ Free Hug ဆိုတဲ့စာတမ်းကိုင်ပြီး လူတွေကိုပြနေတာ.. Free Hug ဆိုတော့ အလကားဖက်လို့ရတယ်ဆိုတဲ့သဘောပေါ့.. မြန်မာပြည်မှာဆိုရင် ဘယ်သူမှလာပြီးဖက်မှာမဟုတ် ပေမယ့် ထူးဆန်းတာဆိုရင် လိုက်လုပ်တတ်တဲ့ Singapore လူမျိုးတွေကတော့ တစ်ယောက်ပြီး တစ်ယောက် လာဖက်ကြတယ်ဗျ။ ကောင်လေးတွေပဲ ဖက်တယ်လို့ အစကထင်ပေမယ့် ကောင်မလေးတွေ၊ အဒေါ်ကြီးတွေ အဖိုးကြီး အဖွားကြီးကအစ လာဖက်ကြတယ်။ ကျွန်တော်တောင် သွားဖက်ချင်တာ ရှက်လို့။ (ကျွန်တော်နဲ့အတူကိုဂျစ်လည်းပါလာတယ်ဆိုတော့)

Happy New Year (New Year Count Down)











Sunday, April 01, 2007

Ocean က Hot Dog အစားပြိုင်ပွဲ


Sr. Phoe Thwin



ကျွန်တော် မဟာစည်ဘုန်းကြီးကျောင်းကို အလှူကိစ္စတစ်ခုသွားရင်းနဲ့ ထူးခြားတဲ့ရုပ်တုတစ်ခု တွေ့လို့ဓာတ်ပုံရိုက်ခဲ့တာပါ။ မဟာစည်ကျောင်းရဲ့အလှူရှင်ဖြစ်ပါတယ်။ နာမည်က Sir ဖိုးသွင် ဖြစ်ပါတယ်။ နာမည်မှာထူးခြားတာတွေ့မှာပါ အင်္ဂလန်ဘုရင်မကြီးကိုယ်တိုင် Sir ဘွဲ့ပေးခံရသူပါ။

ဝန်ကြီးချုပ်ဦးနုလည်း မဟာစည်ကျောင်းကိုလှူတဲ့အကြောင်း ကျောက်စာကဗျည်းထိုးထားပါတယ်။ ထူးခြားတာတစ်ခုက ကျောက်စာမှာအလှူရှင်မှတ်တမ်းတင်တဲ့အခါ ကျောင်းအလှူရှင် Sir ဖိုးသွင် အမည်ကိုဦးစွာရေးထိုးထားခြင်းပါပဲ။ ဒီအချက်ဟာ အဲဒီခောတ်အခါက လူ့အခွင့်အရေးအပြည့်အ၀ရှိကြောင်း အလှူရှင်ကိုသာဦးစားပေးလေ့ရှိကြောင်းကို ထင်ဟပ်စေပါတယ်။

Saturday, March 24, 2007

ကိုယ်ပိုင်မြန်မာလက်ကွက် တည်ဆောက်နည်း

ယနေ့ခောတ် မြန်မာယူနီကုတ် ဖောင့်တော်တော် များများမှာ Microsoft ရဲ့ Keyboard Layout ကို Input Method အဖြစ်အသုံးပြုနေ ကြတာတွေ့ရလို့ ဒီတော့ပစ်လေးကို ရေးဖြစ်တာပါ။
အချို့သော သူတွေက ယခင်တည်ဆောက်ထားတဲ့ လက်ကွက်အတိုင်း မကြိုက်ဘဲကိုယ်တိုင် တည်ဆောက်ကြည့် ချင်ပေမယ့် Resource ရှားပါးလို့ အခက်တွေ့နေကြပါတယ် ဒါကြောင့် ကျွန်တော် Microsoft Website ကနေ Microsoft Keyboard Layout Creator ကို download လုပ်ပြီး ပြန် Share ထားပါတယ်။

Download Here
Download
Here
ကီးဘုတ်ပုံစံ Program မှာကိုယ်ကြိုက်ရာ စာလုံးကိုထည့်ရုံပါပဲ။ Shift, Ctrl, Alt+Ctrl Keys တွေအတွက် လည်း Assign လုပ်နိုင်ပါတယ်။ စာလုံးတွေရဲ့ Unicode နံပါတ်ကိုတော့ ပုံမှာပြထားတဲ့အတိုင်း Charmap မှာ ကြည့်နိုင်ပါတယ်။
ကီးဘုတ်ကို Install လုပ်တဲ့ပုံစံ ကိုတော့ ဒီနေရာ ရဲ့စာမျက်နှာ အောက်ဆုံးနားမှာ ကြည့်ပါ။

ကီးဘုတ် Install မလုပ်ဘဲ Online အသုံးပြုချင် သူတွေ အတွက် ဒီနေရာ ကိုသွားပါ။ Javascript နဲ့ရေးထားပြီး ရိုးရိုးရှင်းရှင်း Function တွေကိုသာ အသုံးပြုထားပါတယ်။ Source Code ရဲ့ Key Mapping မှာ Unicode ဂဏန်းတွေ ပြောင်းပေးရုံနဲ့ ကိုယ့်စိတ်ကြိုက် လက်ကွက် ရနိုင်ပါတယ်။ Unicode ဂဏန်းတွေကိုတော့ 10 Base (Decimal) ပြန်ပြောင်းပေး ရပါလိမ့်မယ်။ အများ အကျိုးအတွက် အပင်ပမ်းခံပြီးရေးပေးထားတဲ့ Developer ကို ဂုဏ်ပြုရင်း ကျေးဇူးလည်း တင်မိပါတယ်။ နောင်လည်း ဒီလိုအကျိုးပြု Website တွေရေးနိုင်ပါစေလို့ ...

Thursday, March 22, 2007

သင်္ကြန်

သင်္ကြန်...သင်္ကြန်ကျဖို့နီးလာပြန်ပါပြီ

ဧပြီလလည်မှကျမည့်သင်္ကြန်အတွက်အခုကတည်းက စိတ်လှုပ်ရှားနေမိ တယ်လေ။ ကျွန်တော်တစ်ယောက်တည်းလားဆိုတော့.. မဟုတ်ပါဘူး ဟိုနေရာသွားလဲ သင်္ကြန်သီချင်း ဒီနေရာသွားလည်း သင်္ကြန်သီချင်းနဲ့ လူတိုင်း စိတ်ကူး သင်္ကြန်ကျ နေကြပါပြီ။

သင်္ကြန်မိုးဆိုတဲ့ ရုပ်ရှင်ကားများ ဒီအချိန်မှာကြည့်လိုက်ရရင် တစ်ယောက်နဲ့တစ်ယောက် ရေကစားမိလေမလားမသိဘူး။

ကျွန်တော်ကလဲ ကျွန်တော်ပဲ ဒီနေ့ခောတ်သင်္ကြန်သီချင်း၊ သင်္ကြန်ရုပ်ရှင်တွေ ဘယ်လိုပဲ ရိုက်ရိုက် သင်္ကြန်မိုးကိုမှ သင်္ကြန်ရုပ်ရှင်၊ အဲဒီထဲမှာပါတဲ့ သီချင်းတွေကိုမှ သင်္ကြန်သီချင်းလို့ ခံစားလို့ရတယ်။ သူငယ်ချင်းတွေနဲ့တောင်ပြောဖြစ်သေးတယ် ဒီသင်္ကြန်မိုး ရုပ်ရှင်ကို ပြန်ရိုက်ရင် ဘယ်သူတွေကို မင်းသား၊ မင်းသမီးအဖြစ်ရိုက်သင့်လဲလို့ ။ ကျွန်တော်ဖြင့် ဒီနေ့ခောတ် မင်းသား မင်းသမီး တွေထဲက သင့်တော်မယ့်သူတောင်ခပ်ရှားရှားလို့ထင်မိတယ်။ အဲဒီခောတ်ကအနေအထားနဲ့ ဒီလောက်ကောင်းတဲ့ရုပ်ရှင်ကားကို ရိုက်ခဲ့တဲ့ ဒါရိုက်တာနဲ့ ထုတ်လုပ်သူတွေကို ချီးကျူးမိတယ်။
သင်္ကြန်မိုးကားကို ပြန်ရိုက်ရင် ထုတ်လုပ်မှုကုန်ကျစရိတ်အဆမတန်များသွားမှာရယ်၊ အဲဒီခောတ်က အပြင်အဆင် (ဥပမာ ငွေငန်းရုပ်၊ သင်္ကြန်မဏ္ဍပ်၊ သင်္ကြန်ယိမ်းအဖွဲ့) တွေပြန်ရဖို့ရယ် တော်တော်ကြိုးစားရပါလိမ့်မယ်။
ဒါပေမယ့် ကျွန်တော့်ရင်ထဲမှာတော့ သင်္ကြန်မိုးကားကို ကင်မရာကောင်းကောင်း၊ ကာလာစုံစုံ၊ စတီရီယို နဲ့ ဒိုးပတ်ဝိုင်း ပေါင်းစပ်ထားတဲ့ music တွေနဲ့ခံစားကြည့်ချင်နေမိတယ်။ သင်္ကြန်မိုးလို၊ သင်္ကြန်မိုးသီချင်းလို သင်္ကြန်ကားအသစ်၊ သင်္ကြန်သီချင်းအသစ် ထွက်ပါစေလို့ ဆုတောင်းရင်း...(အမှားပါရင်ခွင့်လွှတ်ပါ)

Monday, March 12, 2007

Web Master Training Course အမှတ်တရ















WebMaster Training Course အမှတ်တရ Topic တစ်ခုပါ။ဒီသင်တန်းက ၉ ရက်တည်းဆိုပေမယ့် သင်တန်းသားတွေအားလုံး စည်းစည်းလုံးလုံး ကြိုးစားကြတာဆိုတော့ ပျော်စရာကောင်းပြီး effective ဖြစ်တဲ့သင်တန်းတစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ထမင်းစားချိန်ဆိုရင် ဆရာမှာ မျက်နှာငယ်လေးနဲ့ သူနဲ့အတူတူထမင်းစားရမယ့်လူကို စောင့်နေရတာ တစ်ခုပဲပြောစရာရှိတယ်။
ဖြစ်ပုံကဒီလိုပါ။ အရင်သင်တန်းတွေတုန်းက CICC ရဲ့ Fun နဲ့သင်တန်းတွေဖွင့်ခဲ့ပြီး MCF က တာဝန်ယူ Support လုပ်ပေးခဲ့ပါတယ်။ အခုတစ်ခေါက်တော့ CICC ကသင်တန်းနဲ့ပတ်သက်တဲ့ Budget ကိုချက်ချင်းမထုတ်ပေးပဲ Bill နဲ့ ဆရာကို Report တင်ခိုင်းပါတယ်။ Dollar နဲ့ ရှင်းရမယ့်ကိစ္စတွေအဆင်ပြေပေမယ့် မြန်မာငွေနဲ့ရှင်းရမယ့် ထမင်းဖိုး ကိုတော့ ဆရာအတွက်အခက်တွေ့ ခဲ့ပါတယ်။ အမှတ်ရစရာအဖြစ်အပျက်တစ်ခုပေါ့။ (ကျွန်တော်တို့ ကျောင်းသား တွေလည်း ထမင်းဖိုးရှင်းရတာပေါ့ဗျာ)
အတန်းမှာသင်ကြားတဲ့ ဆရာက CICC Organization က Mr. KAZUNORI SADACHI ပါ။ သူကွန်ပျူတာ နဲ့ ပတ်သက်ပြီး အလုပ်လုပ်ခဲ့တာ 1979 ကဆိုတော့ ကျွန်တော်မွေးဖို့တောင် တစ်နှစ်လိုပါသေးတယ်။ဆရာသင်တာ Networking ပိုင်းများပေမယ့် ကျွန်တော့်အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ Knowledge တွေဖြစ်ခဲ့ ပါတယ်။ အတန်းရဲ့နောက်ဆုံးအချိန်မှာ Workshop တစ်ခုကို XOOPs CMS သုံးပြီး လုပ်ခဲ့ရပါတယ်။
ဒီလိုသင်တန်းမျိုး မြန်မာလူမျိုးအချင်းချင်း သင်နိုင်ရင်ကောင်းမှာပဲလို့ စိတ်ထဲမှာ မှတ်ထားလိုက်ပါတယ်။ တစ်ချိန်ချိန်မှာ ပြန်လည်သင်ကြားဖို့ကြိုးစားမယ်လို့လည်း ဆုံးဖြတ်ထားပါတယ်။ ဒီသင်တန်းမှာ တက်ခဲ့တဲ့ကျောင်းသားတွေ အနေနဲ့လည်း သင်ကြားခဲ့တဲ့ knowledge တွေကို ဖြန့်ဝေနိုင်ပါစေလို့
*CICC = Center of the International Cooperation for Computerization

Saturday, March 10, 2007

ကျွန်တော့်မွေးနေ့

ဒီနေ့ကကျွန်တော့်မွေးနေ့ပါ ကျွန်တော့်ဘ၀မှာ ၂၇ ကြိမ်မြောက်တွေ့ကြုံခြင်းပေါ့ကျွန်တော့် blog မှာ မြန်မာလိုစတင်တဲ့နေ့ဆိုလည်းဟုတ်တယ်။ အရင်နှစ်တွေတုန်းကဆိုရင်အမှတ်ရစရာမရှိပေမယ့် ဒီနှစ်တော့နည်းနည်းထူးခြားတယ်လို့ ကျွန်တော့်ကိုယ်ကျွန်တော် သတိထားမိတယ်။
(သူငယ်ချင်းတွေကိုမုန့်ဝယ်ကျွေးဖို့တောင်ပိုက်ဆံမရှိလို့ :D)

Tuesday, February 27, 2007

PHP ebooks

Including this book, php mysql bible.
I collect some interested php ebooks
at following link.
http://www.mediafire.com/?cy1xu2ntyzg
don't forget to tell your friend if he or she
is learning php... :D

Sunday, February 25, 2007

Javascript and Flash Ebooks

I collected some ebooks for flash and javascript here...
enjoy

http://www.mediafire.com/?222okgnztwk

http://www.mediafire.com/?8udhlg4niyl

Tuesday, January 23, 2007

Technology Joke

This is copy of email send from one of my friend.. How joke creator thought that.. i love it..

*ANCIENT TECHNOLOGY**
*
After digging to a depth of 100 meters last year, Japanese scientists
found traces of copper wire dating back 1000 years, and came to the
conclusion that their ancestors already had a telephone network one
thousand years ago.

So, not to be outdone, in the weeks that followed, American scientists
dug 200 meters and headlines in the US papers read:
" US scientists have
found traces of 2000 year old optical fibers, and have concluded that
their ancestors already had advanced high-tech digital telephone 1000
years earlier than the Japanese".

One week later, a Burmese newspaper reported the
following: "After
digging as deep as 500 meters, Burmese scientists have found
absolutely nothing. They have concluded those 5000 years ago, their
ancestors were already using wireless technology".