Monday, March 12, 2007

Web Master Training Course အမှတ်တရ















WebMaster Training Course အမှတ်တရ Topic တစ်ခုပါ။ဒီသင်တန်းက ၉ ရက်တည်းဆိုပေမယ့် သင်တန်းသားတွေအားလုံး စည်းစည်းလုံးလုံး ကြိုးစားကြတာဆိုတော့ ပျော်စရာကောင်းပြီး effective ဖြစ်တဲ့သင်တန်းတစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ထမင်းစားချိန်ဆိုရင် ဆရာမှာ မျက်နှာငယ်လေးနဲ့ သူနဲ့အတူတူထမင်းစားရမယ့်လူကို စောင့်နေရတာ တစ်ခုပဲပြောစရာရှိတယ်။
ဖြစ်ပုံကဒီလိုပါ။ အရင်သင်တန်းတွေတုန်းက CICC ရဲ့ Fun နဲ့သင်တန်းတွေဖွင့်ခဲ့ပြီး MCF က တာဝန်ယူ Support လုပ်ပေးခဲ့ပါတယ်။ အခုတစ်ခေါက်တော့ CICC ကသင်တန်းနဲ့ပတ်သက်တဲ့ Budget ကိုချက်ချင်းမထုတ်ပေးပဲ Bill နဲ့ ဆရာကို Report တင်ခိုင်းပါတယ်။ Dollar နဲ့ ရှင်းရမယ့်ကိစ္စတွေအဆင်ပြေပေမယ့် မြန်မာငွေနဲ့ရှင်းရမယ့် ထမင်းဖိုး ကိုတော့ ဆရာအတွက်အခက်တွေ့ ခဲ့ပါတယ်။ အမှတ်ရစရာအဖြစ်အပျက်တစ်ခုပေါ့။ (ကျွန်တော်တို့ ကျောင်းသား တွေလည်း ထမင်းဖိုးရှင်းရတာပေါ့ဗျာ)
အတန်းမှာသင်ကြားတဲ့ ဆရာက CICC Organization က Mr. KAZUNORI SADACHI ပါ။ သူကွန်ပျူတာ နဲ့ ပတ်သက်ပြီး အလုပ်လုပ်ခဲ့တာ 1979 ကဆိုတော့ ကျွန်တော်မွေးဖို့တောင် တစ်နှစ်လိုပါသေးတယ်။ဆရာသင်တာ Networking ပိုင်းများပေမယ့် ကျွန်တော့်အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ Knowledge တွေဖြစ်ခဲ့ ပါတယ်။ အတန်းရဲ့နောက်ဆုံးအချိန်မှာ Workshop တစ်ခုကို XOOPs CMS သုံးပြီး လုပ်ခဲ့ရပါတယ်။
ဒီလိုသင်တန်းမျိုး မြန်မာလူမျိုးအချင်းချင်း သင်နိုင်ရင်ကောင်းမှာပဲလို့ စိတ်ထဲမှာ မှတ်ထားလိုက်ပါတယ်။ တစ်ချိန်ချိန်မှာ ပြန်လည်သင်ကြားဖို့ကြိုးစားမယ်လို့လည်း ဆုံးဖြတ်ထားပါတယ်။ ဒီသင်တန်းမှာ တက်ခဲ့တဲ့ကျောင်းသားတွေ အနေနဲ့လည်း သင်ကြားခဲ့တဲ့ knowledge တွေကို ဖြန့်ဝေနိုင်ပါစေလို့
*CICC = Center of the International Cooperation for Computerization

1 comment:

Thant Thura said...

Photo လေးက ကောင်းပါတပ်။ Web Master Course က ပုံတွေရှိသေးရင်ပေးပါလား။ သိမ်းထားမလို့။