Tuesday, February 05, 2008

Ajax Technology

History
Ajax ဆိုတာ Asynchronous JavaScript and XML ကို အတိုကောက် ခေါ်ထားတာ ဖြစ်ပါတယ်။ Ajax ရယ်လို့အမည် စတွင်လာတဲ့ အချိန်ကတော့ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ မှာဖြစ်ပြီး Jesse James Garrett ဆိုတဲ့လူက စတင်ခေါ်ဆိုခဲ့ပါတယ်။
Asychronous Loading အိုင်ဒီယာကိုတော့ Microsoft ကစတင်အသုံးပြုခဲ့တာပါ။ ၁၉၉၆ မှာ Internet Explorer 3 ပေါ်မှာ IFRAME Element တွေကို Support ပေးခဲ့ပါတယ်။ စာမျက်နှာတစ်ခုလုံး Refreshလုပ်စရာ မလိုပဲ IFRAME ထဲမှာပဲ အကြောင်းအရာ တွေပြောင်းလဲပြသလို့ ရနိုင်ပါတယ်။
၁၉၉၇ မှာတော့ Netscape 4 နဲ့အတူ Layer Element ကို Netscape Navigator ကမိတ်ဆက်လာပါတယ်။ Layer Element တွေကြောင့် ရှိပြီးသား စာမျက်နှာပေါ်မှာပဲ အလွှာတွေထပ်ပြီးပြသလို့ရလာပါတယ်။
၁၉၉၈ မှာ Microsoft က Ajax ရဲ့အစဖြစ်တဲ့ MSRS (Microsoft Remote Scripting) ကိုတီထွင် လိုက်ပါတယ်။ XMLHttpRequest ကို Microsoft Exchange Server အတွက် ရည်စူးပြီး တီထွင်လိုက် တာလည်း ဖြစ်ပါတယ်။ XMLHttpRequest ကိုအသုံးပြုပြီး Web Browser ကနေ Exchange Server ကို outlook Express သုံးတဲ့အတိုင်း Access လုပ်လို့ ရလာပါတယ်။ User က email ကြည့်လိုတဲ့အခါ XMLHttpRequest က web page ကို refresh မလုပ်ပဲ Exchange Server ကနေ email တွေ downloadလုပ်ပေး ပါတယ်။
W3C က HTML 4.0 နဲ့ XHTML 1.0 (HTML 4.1 လို့လည်းခေါ်ပါတယ်) ကို အသိအမှတ် ပြုလိုက်တဲ့ အချိန်မှာတော့ AJAX ဆိုတဲ့အတိုကောက်နာမည်နဲ့ Asychronous Technology ကမ္ဘာကျော် လာပါ တော့တယ်။ XML, CSS, HTML, XMLHttpRequest တို့ကိုပေါင်းစပ်ပြီး Web Page ပေါ်မှာ User Interface အမျိုးမျိုး တီထွင်ကြ ပါ တော့တယ်။ Ajaxကို အခုအခါ Asp, JSP, ASP.Net, PHP Language တွေနဲ့ တွဲသုံး နိုင်ပြီး Framework တွေလည်း အများ အပြား ပေါ်ထွက် နေပြီ ဖြစ်ပါတယ်။

No comments: