Friday, January 04, 2008

Free Hug




ကျွန်တော် Orchard Road ကိုသွားလည်တဲ့အချိန် ထူးခြားတာလေးတစ်ခုတွေ့လို့ဓာတ်ပုံရိုက်လာတယ်. ကင်မရာလည်းမရှိတော့ hand phone နဲ့ပဲရိုက်လိုက်ရတယ်...ကောင်လေးတစ်ယောက် လမ်းပေါ်မှာ Free Hug ဆိုတဲ့စာတမ်းကိုင်ပြီး လူတွေကိုပြနေတာ.. Free Hug ဆိုတော့ အလကားဖက်လို့ရတယ်ဆိုတဲ့သဘောပေါ့.. မြန်မာပြည်မှာဆိုရင် ဘယ်သူမှလာပြီးဖက်မှာမဟုတ် ပေမယ့် ထူးဆန်းတာဆိုရင် လိုက်လုပ်တတ်တဲ့ Singapore လူမျိုးတွေကတော့ တစ်ယောက်ပြီး တစ်ယောက် လာဖက်ကြတယ်ဗျ။ ကောင်လေးတွေပဲ ဖက်တယ်လို့ အစကထင်ပေမယ့် ကောင်မလေးတွေ၊ အဒေါ်ကြီးတွေ အဖိုးကြီး အဖွားကြီးကအစ လာဖက်ကြတယ်။ ကျွန်တော်တောင် သွားဖက်ချင်တာ ရှက်လို့။ (ကျွန်တော်နဲ့အတူကိုဂျစ်လည်းပါလာတယ်ဆိုတော့)

3 comments:

SuN said...

အဲ့ဒါ ထူးဆန်းလို့ လာဖက်တာ မဟုတ်ပါဘူး။
လူဆိုတာ Psychologically အရ Physical Affection လိုချင်ကြတယ်။ အဲ့လို ဖက်ပေးတာ အဖက်ခံရတာနဲ့ ကို တချို့ သော စိတ်အားငယ်မှုများ ပျောက်သွားနိုင်ပါတယ်။ စိတ်အားငယ်မှုတင် မဟုတ်ပါဘူး။ ကိုယ့်မှာရှိနေတဲ့ ဒေါသစိတ်၊ အလိုမကျစိတ်၊ အဆင်မပြေ ဖြစ်နေတဲ့ စိတ်တွေပါ ပျေက်သွားနိုင်ပါတယ်။အဲ့ဒီအတွက် Free Hug လို့ ဆိုင်းဘုဒ် ကိုင်ထားတဲ့သူတွေက သူတို့ သက်ဆိုင်ရာ Charity သို့ မဟုတ် Church တွေကနေပြီးတော့ Volunteer လုပ်တာပါ။ နောက်တခါတွေ့ ရင် သွားဖက်ကြည့်လေ။ အဖက်ခံရပြီး စိတ်ထဲမှာ ဘယ်လိုခံစားရလဲ လေ့လာကြည့်လိုက်ပါ။

Anonymous said...

ကိုကျော်လင်းရေ - Blog ကို ခပ်စိတ်စိတ်လေး update လုပ်ဖြစ်ပါစေဗျာ။ ဆက်ရေးပါနော်။ 2006 မှာရေးခဲ့တာကို မီဖို့ ၄ ခုပဲလိုတော့တယ်။ ချထားဗျို့။

ခင်တဲ့
အေးချမ်း

kyawlin said...

sun ရေ ရှင်းပြပေးတဲ့အတွက် ကျေးဇူးပါဗျာ.. နောက် တစ်ခါကြုံရင် သွားပြီးအဖက်ခံကြည့်ပါဦးမယ်..ဘယ်လိုခံစားရလဲသိရတာပေါ့