Sunday, February 17, 2008

မြန်မာယူနီကုတ်(၂)

ကျွန်တော်အခုတလော မြန်မာယူနီကုတ်နဲ့ပတ်သက်လို့ စိတ်ဝင်စားနေပါတယ်။ ဒါနဲ့ google မှာရှာကြည့်လိုက် တော့ မြန်မာယူနီကုတ် အတွက် utilities တော်တော် များများကို တီထွင်ပြီး ဖြစ်နေတာ တွေ့လိုက်ရ ပါတယ်။ တွေ့မိသမျှလေး List လုပ်ရရင်
  1. http://rishida.net/scripts/pickers/myanmar/
  2. http://www.thanlwinsoft.org/
  3. http://www.mmlt.org/portal/
  4. http://burglish.googlepages.com/testarea.htm
  5. http://burglish.blogspot.com/
  6. http://studioamk.com/web/infusions/pro_download_panel/download.php?did=6

I came, I saw, I conquered ဆိုတဲ့နာပိုလီယမ် ပြောဖူးတဲ့စကားလေး တစ်ခုရှိပါတယ်။ ကျွန်တော်လည်း သူ့ကို အတုခိုးပြီး မြန်မာလိုပဲ ပြောချင် ပါတယ်။ ကျွန်တော် ရှာဖွေတယ်၊ ကျွန်တော် တွေ့ရှိတယ်၊ ကျွန်တော် အားကျတယ်၊ ကျွန်တော် ကြိုးစားမယ်ဗျာ...

Thursday, February 14, 2008

မြန်မာယူနီကုတ်

ကျွန်တော့်သူငယ်ချင်းတစ်ယောက် Web Crawler တစ်ခု Master Degree အတွက်ရေးနေပါတယ်။ ကျွန်တော့်ကိုမြန်မာယူနီကုတ် Font တွေဘယ်နှစ်ခုလောက်ရှိလဲ၊ ဘာတွေကွာခြားလဲ၊ ဘယ်တစ်ခုကိုအတည်ယူပြီး ရေးရမလဲ လို့မေးလာပါတယ်။ ကျွန်တော် ဖြေဖို့တော်တော်ခက်သွားပါတယ်။ အခုအားလုံးက ယူနီကုတ်ဆိုတာ UTF-8 Encoding ဖြစ်ရမယ်၊ မြန်မာစာနဲ့ အင်္ဂလိပ်စာတွဲရိုက်နိုင်ရမယ် ဒါဆိုရင်ဖြစ်ပြီလို့လက်ခံထားကြပါတယ်။ ဒါကြောင့် သူတစ်မျိုး ငါတစ်မျိုး ထွင်လိုက်ကြတာမ တူညီတဲ့ မြန်မာယူနီကုတ် Font ၁၀မျိုးအထက်မှာရှိပါတယ်။ ပြီးတော့ ဘာကွာခြားလဲ လို့ဆိုရင် ဘာမှမကွာခြားပြန်ဘူး။

အခုပဲ မတူညီတဲ့ယူနီကုတ် Font လို့ပြောလိုက် အခုပဲဘာမှ မကွာခြားဘူး လို့ပြောလိုက်နဲ့လို့ အပြစ်တင် မစောပါနဲ့ဦး ဆက်ပြီးရှင်းပါ ဦးမယ်။

Font Developer တွေက ကကြီး၊ ခခွေး အက္ခရာ တွေကို မြန်မာပြည်အတွက်သတ်မှတ်ထားတဲ့ U+1000 ကနေ U+109F အတွင်းမှာပဲထားပြီး Font တွေရေးကြပါတယ်။ ဒါပေမယ့် Encoding ကျတော့ မတူဘူးဗျ။ Font ပုံစံချင်းအတူတူ၊ တစ်ယောက်နဲ့ တစ်ယောက် မတူအောင် Glyph နေရာရွှေ့ပြီး သတ်မှတ်ကြတယ်လေ။ စာရိုက်တဲ့လက်ကွက်၊ Application နဲ့ Web Site တွေမှာသုံးရ မယ့် Procedureတွေကျတော့ တူနေပြန်ပါ ရောလား။

ထင်ရှားအောင် Font နှစ်ခုကိုယှဉ်ပြပါမယ်။

မြစေတီ





http://www.myazedi.com/

ဇော်ဂျီ








http://www.alpha.com.mm/downloads.php

အဲဒီ Font အမျိုးမျိုးနဲ့ပဲ Web Site တွေ၊ သတင်းတွေ၊ ဘလော့ဂ်တွေ အများကြီး Online မှာရောက်နေပါပြီ။ အခု You-Tube နဲ့ Google မှာတောင် မြန်မာလိုရိုက်ပြီး ရှာရင် ရနေပါပြီ။

ဒါပေမယ့် ရှာတဲ့လူက Font တစ်မျိုးနဲ့ရှာ၊ တင်တဲ့လူက အခြား Font နဲ့တင်ထား တော့ရှာတဲ့ အတိုင်း မတွေ့တော့ဘူး ဖြစ်နေတယ်လေ။

ဒါဆိုရင်အခုဘာလုပ်သင့်သလဲ? Font တွေ ကလည်း ရေးပြီး နေပြီ။ Online လည်းရောက်နေပြီ။ ပြန်ဖျက်ဖို့လည်းမကောင်းတော့ဘူး။

ဆက်ပြီးမစဉ်းစားချင်တော့ဘူးဗျာ။ ကျွန်တော့် သူငယ်ချင်း ကတော့ Font ၁၀ မျိုးကျော်အတွက်ကို Web Crawler Option ၁၀မျိုးလောက် ရေးဖို့စဉ်းစားနေလေရဲ့။ နောက်ထပ် Font အသစ်တွေထပ်ထွက်လာရင် ထပ်ပြီးရေးမလားမသိဘူး။

Thursday, February 07, 2008

Ajax Technology (2) Ajax via Javascript

ajax နားလည်ချင်တဲ့သူတိုင်း HTML DOM (Document Object Model)ကိုကျွမ်းကျင်ပြီး ဖြစ်ရပါမယ်။ ဘာကြောင့်လဲ ဆိုရင် DOM ကို အသုံး ပြုပြီး Data ဖတ်တာ၊ ပြန်ပြ တာတွေ လုပ်ရ လို့ပါပဲ။

ဥပမာ

Data ဖတ်ရန်
var a = Document.Form1.txtName.Value;

Data ပြန်ပြရန်

Document.getElementById("display").Value= a;
ဆိုပြီးသုံးရပါတယ်။


DOM အသေးစိပ် ကိုတော့http://www.w3schools.com/htmldom/default.asp မှာကြည့်ပါ။

ဒုတိယ အနေနဲ့ javascript Events တွေကိုလည်းနားလည်ရပါမယ်။ User Action တိုင်းကို javascript events တွေနဲ့သိနိုင်လို့ပါပဲ။

ဥပမာclick နှိပ်တဲ့အခါ function တစ်ခု run ချင်ရင်

<'input value="Click Here" id="btnclick">onclick="showtext()" type="button" name="btnclick">

နဲ့ရေးရပါမယ်။ javascript Event အသေးစိတ်ကိုတော့

http://www.w3schools.com/js/js_events.asp မှာဖတ်ပါ

xmlHttpRequest အကြောင်းဆက်ရေးပါဦးမယ်

<<<>>>
button တွေရေးတဲ့အခါ "submit" နဲ့ရေးရင် from post ဖြစ်သွား တဲ့အတွက် input type="button" လို့ရေးရပါတယ်။ ပြီးတော့ javascript က case sensitive ဖြစ်ပါတယ်။ Capital Letter, Small Letter ဂရုစိုက်ပြီး ရေးဖို့လိုအပ်ပါတယ်။

Tuesday, February 05, 2008

Ajax Technology

History
Ajax ဆိုတာ Asynchronous JavaScript and XML ကို အတိုကောက် ခေါ်ထားတာ ဖြစ်ပါတယ်။ Ajax ရယ်လို့အမည် စတွင်လာတဲ့ အချိန်ကတော့ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ မှာဖြစ်ပြီး Jesse James Garrett ဆိုတဲ့လူက စတင်ခေါ်ဆိုခဲ့ပါတယ်။
Asychronous Loading အိုင်ဒီယာကိုတော့ Microsoft ကစတင်အသုံးပြုခဲ့တာပါ။ ၁၉၉၆ မှာ Internet Explorer 3 ပေါ်မှာ IFRAME Element တွေကို Support ပေးခဲ့ပါတယ်။ စာမျက်နှာတစ်ခုလုံး Refreshလုပ်စရာ မလိုပဲ IFRAME ထဲမှာပဲ အကြောင်းအရာ တွေပြောင်းလဲပြသလို့ ရနိုင်ပါတယ်။
၁၉၉၇ မှာတော့ Netscape 4 နဲ့အတူ Layer Element ကို Netscape Navigator ကမိတ်ဆက်လာပါတယ်။ Layer Element တွေကြောင့် ရှိပြီးသား စာမျက်နှာပေါ်မှာပဲ အလွှာတွေထပ်ပြီးပြသလို့ရလာပါတယ်။
၁၉၉၈ မှာ Microsoft က Ajax ရဲ့အစဖြစ်တဲ့ MSRS (Microsoft Remote Scripting) ကိုတီထွင် လိုက်ပါတယ်။ XMLHttpRequest ကို Microsoft Exchange Server အတွက် ရည်စူးပြီး တီထွင်လိုက် တာလည်း ဖြစ်ပါတယ်။ XMLHttpRequest ကိုအသုံးပြုပြီး Web Browser ကနေ Exchange Server ကို outlook Express သုံးတဲ့အတိုင်း Access လုပ်လို့ ရလာပါတယ်။ User က email ကြည့်လိုတဲ့အခါ XMLHttpRequest က web page ကို refresh မလုပ်ပဲ Exchange Server ကနေ email တွေ downloadလုပ်ပေး ပါတယ်။
W3C က HTML 4.0 နဲ့ XHTML 1.0 (HTML 4.1 လို့လည်းခေါ်ပါတယ်) ကို အသိအမှတ် ပြုလိုက်တဲ့ အချိန်မှာတော့ AJAX ဆိုတဲ့အတိုကောက်နာမည်နဲ့ Asychronous Technology ကမ္ဘာကျော် လာပါ တော့တယ်။ XML, CSS, HTML, XMLHttpRequest တို့ကိုပေါင်းစပ်ပြီး Web Page ပေါ်မှာ User Interface အမျိုးမျိုး တီထွင်ကြ ပါ တော့တယ်။ Ajaxကို အခုအခါ Asp, JSP, ASP.Net, PHP Language တွေနဲ့ တွဲသုံး နိုင်ပြီး Framework တွေလည်း အများ အပြား ပေါ်ထွက် နေပြီ ဖြစ်ပါတယ်။